အလောင်းမင်းတြားကြီး နတ်ပြည်စံနှစ် (၂၆၄)နှစ်ပြည့် လှူဒါန်းအမျှဆက်သခြင်း နှင့် ခေတ်အဆက်ဆက် အကြောင်းအမျိုးမျိုးကြောင့် ကွယ်လွန်ခဲ့ကြသူများအား အမျှပေးဝေ

ကုန်းဘောင်မင်းဆက်အား စတင်တည်ထောင်ခဲ့ပါသော အလောင်းမင်းတြားကြီး ဦးအောင်ဇေယျ နတ်ပြည်စံ နှစ်(၂၆၄)နှစ်ပြည့် လှူဒါန်းအမျှဆက်သခြင်း၊ ကုန်းဘောင်မင်းဆက် ၁၁ ဆက် နှင့် ဆွေတော်မျိုးတော်အပေါင်းအား အမျှဆက်သခြင်း နှင့် ခေတ်အဆက်ဆက် အကြောင်းအမျိုးမျိုးကြောင့် ကွယ်လွန်ခဲ့ကြသူများအား အမျှပေးဝေခြင်းအား ဆဋ္ဌမအကြိမ် အဖြစ် ၂၀၂၄ ခုနှစ်

ဇွန်လ ၃ ရက် ( ၁၃၈၆ခု ကဆုန်လပြည့်ကျော် ၁၂ရက် ) နံနက် ၉ နာရီ ၃၅ မိနစ် ၌ မန္တလေးမြို့ မြေနီကျင်းကျောင်းတိုက် သတိပဋ္ဌာန်ရိပ်သာကျောင်းတွင် ကုန်းဘောင်ဆက်မောင်နှမများက အစဥ်အလာမပျက် ကုသိုလ်ပြု အမျှ ပေးဝေခဲ့သည်။

အလောင်းမင်းတြားကြီး ဦးအောင်ဇေယျ နှင့် မိဖုရားခေါင်ကြီး အမှူးထား၍ ကုန်းဘောင်မင်းဆက် ၁၁ဆက် မင်းတရားများနှင့် မိဖုရားခေါင်ကြီးများ၊ မိဖုရားများ၊ သားတော်၊ သမီးတော်များ၊ ဆွေတော်မျိုးတော်များ၊ ကုန်းဘောင်မင်းဆက်တွင် အမှုတော်ထမ်းခဲ့ပါသော မှူးတော်၊ မတ်တော်၊ ဗိုလ်မင်း၊ အမှုထမ်းများ နှင့် ကုန်းဘောင်မင်းဆက်ကာလအတွင်း အကြောင်းအမျိုးမျိုးကြောင့် ကွယ်လွန်၊ ကျဆုံးကြပါသော ပြည်သူပြည်သားအပေါင်းတို့အား အမျှဆက်သ၊ အမျှပေးဝေခြင်းဖြစ်ပါသည်။

ကုန်းဘောင်မင်းဆက်အား စတင်တည်ထောင်ခဲ့ပါသော အလောင်းမင်းတြားကြီး ဦးအောင်ဇေယျ ၏ ဂုဏ်ကျေးဇူးအား သိမြင်ကာ အလောင်းမင်းတြားကြီး နတ်ပြည်စံနှစ် ၂၅၇နှစ်မြောက်ဖြစ်သည့် ၂၀၁၇နှစ်က ပထမအကြိမ်အဖြစ် စတင်ကျင်းပခဲ့ပြီး ယခုနှစ်တွင် အဋ္ဌမအကြိမ်အဖြစ် နှစ်စဥ်ပြုနေကြ ကုသိုလ်အမျှဆက်သမှုအား ကုန်းဘောင်ဆက်မောင်နှမများက ဆောင်ရွက်ကြခြင်းဖြစ်ပါသည်။

#ကုန်းဘောင်ဆက်မောင်နှမများ နှင့် မိတ်သင်္ဂဟများ

ဦးကိုလေး+ ပျဥ်းမနားခေါင်ဘုရားတော်မိသားစု မတည်အလှူငွေ ၁၀၀၀၀၀ ကျပ်။

Related Posts

ဆရာကြီး မောင်ခင်မင်(ဓနုဖြူ) ကွယ်လွန်

၂၀၂၅ခုနှစ် ဇန်နဝါရီလ ၂၈ရက် နံနက်အဝင် ၁၂နာရီမိနစ်၃၀(၂၇-၁-၂၀၂၅ ည ၁၂နာရီ မိနစ်၃၀) အချိန်တွင် ဆရာကြီး မောင်ခင်မင်(ဓနုဖြူ) ကွယ်လွန်သွားကြောင်း ဆရာကြီး၏ သမီးက Facebook လူမှုကွန်ရက်စာမျက်နှာတွင် တင်ရာမှ သိရှိကြရသည်။ ဆရာကြီး ဦးခင်အေး (မောင်ခင်မင်(ဓနုဖြူ)အား ၁၉၄၂ခု ဇန်နဝါရီလ ၂ရက်က ဓနုဖြူမြို့နယ် ကျုံတစ်နီးရွာ၌ အဖ-ဦးရာမနှင့် အမိ ဒေါ်စောတင်တို့ က…

မင်္ဂလာပါ

မင်္ဂလာပါခင်ဗျာ အခုလို လာရောက်ကြည့်ရှုတဲ့အတွက် ကျေးဇူးတင်ရှိပါတယ်။ ဘာတွေ ဘယ်လို ဖန်တီးတင်ဆက်မယ်ဆိုတာ ဆက်လက်ကြည့်ရှုပေးကြပါဦးခင်ဗျာ။

Leave a Reply

Your email address will not be published. Required fields are marked *

You Missed

ဆရာကြီး မောင်ခင်မင်(ဓနုဖြူ) ကွယ်လွန်

ဆရာကြီး မောင်ခင်မင်(ဓနုဖြူ) ကွယ်လွန်

ဘယ်ကိုရွှေ့မလည်း ကိုရွှေခဲ (အပိုင်း (၁) )

ဘယ်ကိုရွှေ့မလည်း ကိုရွှေခဲ (အပိုင်း (၁) )

စိုက်သမျှ သစ်ပင်ရှင်သန်ဖို့ ဝိုင်းဝန်း ကြိုးပမ်းကြပါစို့

စိုက်သမျှ သစ်ပင်ရှင်သန်ဖို့ ဝိုင်းဝန်း ကြိုးပမ်းကြပါစို့

အလောင်းမင်းတြားကြီး နတ်ပြည်စံနှစ် (၂၆၄)နှစ်ပြည့် လှူဒါန်းအမျှဆက်သခြင်း နှင့် ခေတ်အဆက်ဆက် အကြောင်းအမျိုးမျိုးကြောင့် ကွယ်လွန်ခဲ့ကြသူများအား အမျှပေးဝေ

အလောင်းမင်းတြားကြီး နတ်ပြည်စံနှစ် (၂၆၄)နှစ်ပြည့် လှူဒါန်းအမျှဆက်သခြင်း နှင့် ခေတ်အဆက်ဆက် အကြောင်းအမျိုးမျိုးကြောင့် ကွယ်လွန်ခဲ့ကြသူများအား အမျှပေးဝေ

မင်္ဂလာပါ

မင်္ဂလာပါ