အလောင်းမင်းတြားကြီး နတ်ပြည်စံနှစ် (၂၆၄)နှစ်ပြည့် လှူဒါန်းအမျှဆက်သခြင်း နှင့် ခေတ်အဆက်ဆက် အကြောင်းအမျိုးမျိုးကြောင့် ကွယ်လွန်ခဲ့ကြသူများအား အမျှပေးဝေ

ကုန်းဘောင်မင်းဆက်အား စတင်တည်ထောင်ခဲ့ပါသော အလောင်းမင်းတြားကြီး ဦးအောင်ဇေယျ နတ်ပြည်စံ နှစ်(၂၆၄)နှစ်ပြည့် လှူဒါန်းအမျှဆက်သခြင်း၊ ကုန်းဘောင်မင်းဆက် ၁၁ ဆက် နှင့် ဆွေတော်မျိုးတော်အပေါင်းအား အမျှဆက်သခြင်း နှင့် ခေတ်အဆက်ဆက် အကြောင်းအမျိုးမျိုးကြောင့် ကွယ်လွန်ခဲ့ကြသူများအား အမျှပေးဝေခြင်းအား ဆဋ္ဌမအကြိမ် အဖြစ် ၂၀၂၄ ခုနှစ်

ဇွန်လ ၃ ရက် ( ၁၃၈၆ခု ကဆုန်လပြည့်ကျော် ၁၂ရက် ) နံနက် ၉ နာရီ ၃၅ မိနစ် ၌ မန္တလေးမြို့ မြေနီကျင်းကျောင်းတိုက် သတိပဋ္ဌာန်ရိပ်သာကျောင်းတွင် ကုန်းဘောင်ဆက်မောင်နှမများက အစဥ်အလာမပျက် ကုသိုလ်ပြု အမျှ ပေးဝေခဲ့သည်။

အလောင်းမင်းတြားကြီး ဦးအောင်ဇေယျ နှင့် မိဖုရားခေါင်ကြီး အမှူးထား၍ ကုန်းဘောင်မင်းဆက် ၁၁ဆက် မင်းတရားများနှင့် မိဖုရားခေါင်ကြီးများ၊ မိဖုရားများ၊ သားတော်၊ သမီးတော်များ၊ ဆွေတော်မျိုးတော်များ၊ ကုန်းဘောင်မင်းဆက်တွင် အမှုတော်ထမ်းခဲ့ပါသော မှူးတော်၊ မတ်တော်၊ ဗိုလ်မင်း၊ အမှုထမ်းများ နှင့် ကုန်းဘောင်မင်းဆက်ကာလအတွင်း အကြောင်းအမျိုးမျိုးကြောင့် ကွယ်လွန်၊ ကျဆုံးကြပါသော ပြည်သူပြည်သားအပေါင်းတို့အား အမျှဆက်သ၊ အမျှပေးဝေခြင်းဖြစ်ပါသည်။

ကုန်းဘောင်မင်းဆက်အား စတင်တည်ထောင်ခဲ့ပါသော အလောင်းမင်းတြားကြီး ဦးအောင်ဇေယျ ၏ ဂုဏ်ကျေးဇူးအား သိမြင်ကာ အလောင်းမင်းတြားကြီး နတ်ပြည်စံနှစ် ၂၅၇နှစ်မြောက်ဖြစ်သည့် ၂၀၁၇နှစ်က ပထမအကြိမ်အဖြစ် စတင်ကျင်းပခဲ့ပြီး ယခုနှစ်တွင် အဋ္ဌမအကြိမ်အဖြစ် နှစ်စဥ်ပြုနေကြ ကုသိုလ်အမျှဆက်သမှုအား ကုန်းဘောင်ဆက်မောင်နှမများက ဆောင်ရွက်ကြခြင်းဖြစ်ပါသည်။

#ကုန်းဘောင်ဆက်မောင်နှမများ နှင့် မိတ်သင်္ဂဟများ

ဦးကိုလေး+ ပျဥ်းမနားခေါင်ဘုရားတော်မိသားစု မတည်အလှူငွေ ၁၀၀၀၀၀ ကျပ်။

Related Posts

ကျန်းမာရေးဆိုင်ရာ ဇီဝထုတ်ကုန်အတွက် နည်းပညာများ လွဲပြောင်းခြင်း အခမ်းအနား ကျင်းပ

ထို့နောက် ဇီ၀နည်းပညာသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်(တာဝန်ခံ) ဒေါက်တာ အေးအေးခိုင်က ဂုဏ်ပြု အမှာစကားပြောကြားသည်။ယနေ့အခမ်းအနားတွင် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ဇီဝနည်းပညာသုတေသနဦးစီးဌာနမှ မြန်မာနိုင်ငံ၏ ဆေးဘက်ဝင်အပင်များနှင့် သဘာဝသယံဇာတအရင်းအမြစ်များအား အခြေခံပြီး သိပ္ပံနည်းကျ သုတေသနပြု ဖော်ထုတ်ထားသည့် သဘာဝ ဖြည့်စွက်စာများ၊ အဆစ်အမြစ်အရောင်ကျ လိမ်းဆေးနှင့် Bamboo Vinegar Scrub Soap အပါအဝင် အရည်အသွေးမြင့် သဘာဝထုတ်ကုန်နည်းပညာ (၅) မျိုးအား ထွန်းရွှေဝါ…

အောင်ပန်းမြေကိုယ်ပိုင်အလယ်တန်းကျောင်းထူးချွန်ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုချီးမြှင့်ပွဲကျင်းပ

၂၀၂၅–၂၀၂၆ ပညာသင်နှစ်တွင် ဘာသာစုံ A အဆင့် ဖြင့် ထူးချွန်စွာ အောင်မြင်ခဲ့ကြသော Grade-9 နှင့် Grade-5 ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၄၅ ဦး အား ဂုဏ်ပြုချီးမြှင့်သည့် အခမ်းအနားကို ဇွန်လ ၂၈ရက် နံနက် ၈ နာရီက အောင်ပန်းမြေကိုယ်ပိုင်အလယ်တန်းကျောင်း(ချမ်းအေးသာစံ) ခန်းမ၌ ခမ်းနားသိုက်မြိုက်စွာ ကျင်းပသည်။အခမ်းအနားသို့ အောင်ပန်းမြေကိုယ်ပိုင်အလယ်တန်းကျောင်း တည်ထောင်သူ…

Leave a Reply

Your email address will not be published. Required fields are marked *

You Missed

ကျန်းမာရေးဆိုင်ရာ ဇီဝထုတ်ကုန်အတွက် နည်းပညာများ လွဲပြောင်းခြင်း အခမ်းအနား ကျင်းပ

ကျန်းမာရေးဆိုင်ရာ ဇီဝထုတ်ကုန်အတွက် နည်းပညာများ လွဲပြောင်းခြင်း အခမ်းအနား ကျင်းပ

“မန္တလေးတောင်ခြေက အသက်ရှည်ရာ အနာမဲ့ကြောင်း တိုင်းရင်းဆေးတက္ကသိုလ်”

“မန္တလေးတောင်ခြေက အသက်ရှည်ရာ အနာမဲ့ကြောင်း တိုင်းရင်းဆေးတက္ကသိုလ်”

အောင်ပန်းမြေကိုယ်ပိုင်အလယ်တန်းကျောင်းထူးချွန်ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုချီးမြှင့်ပွဲကျင်းပ

အောင်ပန်းမြေကိုယ်ပိုင်အလယ်တန်းကျောင်းထူးချွန်ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုချီးမြှင့်ပွဲကျင်းပ

ဆရာကြီး မောင်ခင်မင်(ဓနုဖြူ) ကွယ်လွန်

ဆရာကြီး မောင်ခင်မင်(ဓနုဖြူ) ကွယ်လွန်

ဘယ်ကိုရွှေ့မလည်း ကိုရွှေခဲ (အပိုင်း (၁) )

ဘယ်ကိုရွှေ့မလည်း ကိုရွှေခဲ (အပိုင်း (၁) )

စိုက်သမျှ သစ်ပင်ရှင်သန်ဖို့ ဝိုင်းဝန်း ကြိုးပမ်းကြပါစို့

စိုက်သမျှ သစ်ပင်ရှင်သန်ဖို့ ဝိုင်းဝန်း ကြိုးပမ်းကြပါစို့

Notice: ob_end_flush(): Failed to send buffer of zlib output compression (1) in /home/zjsdpszw/public_html/yadanabon.net/wp-includes/functions.php on line 5493

Notice: ob_end_flush(): Failed to send buffer of zlib output compression (1) in /home/zjsdpszw/public_html/yadanabon.net/wp-includes/functions.php on line 5493