ဆရာကြီး မောင်ခင်မင်(ဓနုဖြူ) ကွယ်လွန်

၂၀၂၅ခုနှစ် ဇန်နဝါရီလ ၂၈ရက် နံနက်အဝင် ၁၂နာရီမိနစ်၃၀(၂၇-၁-၂၀၂၅ ည ၁၂နာရီ မိနစ်၃၀) အချိန်တွင် ဆရာကြီး မောင်ခင်မင်(ဓနုဖြူ) ကွယ်လွန်သွားကြောင်း ဆရာကြီး၏ သမီးက Facebook လူမှုကွန်ရက်စာမျက်နှာတွင် တင်ရာမှ သိရှိကြရသည်။

ဆရာကြီး ဦးခင်အေး (မောင်ခင်မင်(ဓနုဖြူ)အား ၁၉၄၂ခု ဇန်နဝါရီလ ၂ရက်က ဓနုဖြူမြို့နယ် ကျုံတစ်နီးရွာ၌ အဖ-ဦးရာမနှင့် အမိ ဒေါ်စောတင်တို့ က ဖွားမြင်သည်။

ဆရာကြီးမောင်ခင်မင်(ဓနုဖြူ)

၁၉၅၄ – ရန်ကုန်မြို့ မြူနီစီပယ် ပညာရေးအဖွဲ့ကစစ်ဆေးသော စတုတ္ထန်းစာမေးပွဲကို ပထမအဆင့်မှ အောင်မြင်။

၁၉၅၇ – သတ္တမတန်းနှင့်အလယ်တန်းပညာသင်ဆု (စကောလားရှစ်)စာမေးပွဲတွင် အမှတ်အများဆုံးဖြင့် အောင်သဖြင့် အလယ်တန်းပညာသင်ဆု(စကောလားရှစ်)ဆုရ။ စာနယ်ဇင်းများတွင် ဆောင်းပါးများစရေး။

၁၉၅၉ – တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် တစ်ပြည်လုံး၌ မြန်မာစာအမှတ်အများဆုံးဖြင့် အတန်းတိုင်း၌ ထူးချွန်စွာအောင်မြင်ခဲ့။

၁၉၆၃ – ရန်ကုန်တက္ကသိုလ်မှ ဝိဇ္ဇာဘွဲ့(အထွေထွေဂုဏ်ထူး)ရရှိ။ ပုသိမ်ကောလိပ် မြန်မာစာဌာန၌ နည်းပြအဖြစ် စတင်တာဝန်ထမ်းဆောင်ခဲ့ရာ လက်ထောက်ကထိက၊ ကထိက၊ တွဲဖက်ပါမောက္ခ၊ ပါမောက္ခအဆင့်များဖြင့် ပုသိမ် ကောလိပ်၊ ရန်ကုန် ဝိဇ္ဇာနှင့်သိပ္ပံတက္ကသိုလ်၊ ဒဂုံတက္ကသိုလ်၊ ပြည်ဒီဂရီကောလိပ်၊ ရန်ကုန်တက္ကသိုလ်တို့တွင် တာဝန်ထမ်းဆောင်ခဲ့။

၁၉၆၉ – မဟာဝိဇ္ဇာဘွဲ့(ဂုဏ်ထူး)ရရှိခဲ့။

၁၉၈၇ – စာပေဗိမာန် စာမူဆုပြိုင်ပွဲတွင် မြန်မာစကား၊ မြန်မာစာရုပ်ပုံလွှာ စာမူဖြင့် သုတပဒေသာ(ဝိဇ္ဇာ)ပညာရပ်တွင် ပထမဆုရရှိခဲ့။

၁၉၉၇ – ၉၉ – တွဲဖက်ပါမောက္ခအဖြစ်တာဝန်ထမ်းဆောင်စဉ် နိုင်ငံတော်အစိုးရပညာရေးဝန်ကြီးဌာန၏ တာဝန် ပေးချက်အရ ဂျပန်နိုင်ငံ အိုဆာကာနိုင်ငံခြားဘာသာသင်တက္ကသိုလ်တွင် မြန်မာစာဧည့်ပါမောက္ခအဖြစ် (၂)နှစ် တာဝန်ထမ်းဆောင်ခဲ့။

၂၀၀၂ – အောက်တိုဘာလ(၁၉)ရက်နေ့တွင် ကျင်းပသော ရန်ကုန်တက္ကသိုလ်(၁၀၅)ကြိမ်မြောက် ဘွဲ့နှင်းသဘင် အခမ်းအနားတွင်ဂုဏ်ထူးဆောင် စာပေပါရဂူဘွဲ့ Doctor Of Letters(Honoris Causa) ကိုချီးမြှင့်အပ်နှင်းခြင်း ခံရ။ နှစ်လေးဆယ်ဘဝမှတ်တိုင်များစာအုပ်ထွက်။ (ယင်းစာအုပ်ဖြင့် အမျိုးသားစာပေဆု(စာပဒေသာဆု)ရရှိ။

ဆရာမောင်ခင်မင်(ဓနုဖြူ)သည် ဘာသာစာပေဆိုင်ရာ သုတေသနစာတမ်းဖတ်ပွဲများ၊ စာပေဗိမာန်စာတမ်း ဖတ်ပွဲများတွင် ဘာသာစကားဆိုင်ရာ၊ မြန်မာစကားပြေဆိုင်ရာ စာတမ်းငယ်ဆိုင်ရာ စာတမ်းများကို ရေးသားပြုစု ဖတ်ကြားခဲ့သည်။

ရန်ကုန်တက္ကသိုလ်မြန်မာစာဌာနပါမောက္ခအဖြစ်မှ အငြိမ်းစားယူပြီး ဇနီးဒေါ်စုစုနွယ်(တွဲဖက်ပါမောက္ခ-မြန်မာစာဌာန၊ ရန်ကုန်တက္ကသိုလ်) သမီး-သူသူနွယ်အေးတို့နှင့်အတူ နေထိုင်လျှက်ရှိသည်။

ကွယ်လွန်ချိန်အထိ ရန်ကုန်တက္ကသိုလ် မြန်မာစာဌာနတွင် လိုအပ်သော သင်ကြားရေးများ၊ ပါရဂူဘွဲ့ဆိုင်ရာများအား သင်ကြားပြသ စစ်ဆေးဆောင်ရွက်ပေးခဲ့သည်။

ဆရာကြီးအနေဖြင့် မြန်မာစာပေဆိုင်ရာ စာအုပ်ပေါင်းများစွာကို ရေးသားပြုစုခဲ့ပြီး မြန်မာစာပေလောကအတွက် ထင်ရှားကျော်ကြားသည့်ဆရာတစ်ဆူအဖြစ် နှစ်ပေါင်းများစွာ ရပ်တည်ပေးခဲ့သည်။

ကိုးကား

ဝီကီပီးဒီးယား

Save The Library

Related Posts

ကျန်းမာရေးဆိုင်ရာ ဇီဝထုတ်ကုန်အတွက် နည်းပညာများ လွဲပြောင်းခြင်း အခမ်းအနား ကျင်းပ

ထို့နောက် ဇီ၀နည်းပညာသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်(တာဝန်ခံ) ဒေါက်တာ အေးအေးခိုင်က ဂုဏ်ပြု အမှာစကားပြောကြားသည်။ယနေ့အခမ်းအနားတွင် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ဇီဝနည်းပညာသုတေသနဦးစီးဌာနမှ မြန်မာနိုင်ငံ၏ ဆေးဘက်ဝင်အပင်များနှင့် သဘာဝသယံဇာတအရင်းအမြစ်များအား အခြေခံပြီး သိပ္ပံနည်းကျ သုတေသနပြု ဖော်ထုတ်ထားသည့် သဘာဝ ဖြည့်စွက်စာများ၊ အဆစ်အမြစ်အရောင်ကျ လိမ်းဆေးနှင့် Bamboo Vinegar Scrub Soap အပါအဝင် အရည်အသွေးမြင့် သဘာဝထုတ်ကုန်နည်းပညာ (၅) မျိုးအား ထွန်းရွှေဝါ…

အောင်ပန်းမြေကိုယ်ပိုင်အလယ်တန်းကျောင်းထူးချွန်ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုချီးမြှင့်ပွဲကျင်းပ

၂၀၂၅–၂၀၂၆ ပညာသင်နှစ်တွင် ဘာသာစုံ A အဆင့် ဖြင့် ထူးချွန်စွာ အောင်မြင်ခဲ့ကြသော Grade-9 နှင့် Grade-5 ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၄၅ ဦး အား ဂုဏ်ပြုချီးမြှင့်သည့် အခမ်းအနားကို ဇွန်လ ၂၈ရက် နံနက် ၈ နာရီက အောင်ပန်းမြေကိုယ်ပိုင်အလယ်တန်းကျောင်း(ချမ်းအေးသာစံ) ခန်းမ၌ ခမ်းနားသိုက်မြိုက်စွာ ကျင်းပသည်။အခမ်းအနားသို့ အောင်ပန်းမြေကိုယ်ပိုင်အလယ်တန်းကျောင်း တည်ထောင်သူ…

Leave a Reply

Your email address will not be published. Required fields are marked *

You Missed

ကျန်းမာရေးဆိုင်ရာ ဇီဝထုတ်ကုန်အတွက် နည်းပညာများ လွဲပြောင်းခြင်း အခမ်းအနား ကျင်းပ

ကျန်းမာရေးဆိုင်ရာ ဇီဝထုတ်ကုန်အတွက် နည်းပညာများ လွဲပြောင်းခြင်း အခမ်းအနား ကျင်းပ

“မန္တလေးတောင်ခြေက အသက်ရှည်ရာ အနာမဲ့ကြောင်း တိုင်းရင်းဆေးတက္ကသိုလ်”

“မန္တလေးတောင်ခြေက အသက်ရှည်ရာ အနာမဲ့ကြောင်း တိုင်းရင်းဆေးတက္ကသိုလ်”

အောင်ပန်းမြေကိုယ်ပိုင်အလယ်တန်းကျောင်းထူးချွန်ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုချီးမြှင့်ပွဲကျင်းပ

အောင်ပန်းမြေကိုယ်ပိုင်အလယ်တန်းကျောင်းထူးချွန်ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုချီးမြှင့်ပွဲကျင်းပ

ဆရာကြီး မောင်ခင်မင်(ဓနုဖြူ) ကွယ်လွန်

ဆရာကြီး မောင်ခင်မင်(ဓနုဖြူ) ကွယ်လွန်

ဘယ်ကိုရွှေ့မလည်း ကိုရွှေခဲ (အပိုင်း (၁) )

ဘယ်ကိုရွှေ့မလည်း ကိုရွှေခဲ (အပိုင်း (၁) )

စိုက်သမျှ သစ်ပင်ရှင်သန်ဖို့ ဝိုင်းဝန်း ကြိုးပမ်းကြပါစို့

စိုက်သမျှ သစ်ပင်ရှင်သန်ဖို့ ဝိုင်းဝန်း ကြိုးပမ်းကြပါစို့

Notice: ob_end_flush(): Failed to send buffer of zlib output compression (1) in /home/zjsdpszw/public_html/yadanabon.net/wp-includes/functions.php on line 5493

Notice: ob_end_flush(): Failed to send buffer of zlib output compression (1) in /home/zjsdpszw/public_html/yadanabon.net/wp-includes/functions.php on line 5493