အောင်ပန်းမြေကိုယ်ပိုင်အလယ်တန်းကျောင်းထူးချွန်ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုချီးမြှင့်ပွဲကျင်းပ

၂၀၂၅–၂၀၂၆ ပညာသင်နှစ်တွင် ဘာသာစုံ A အဆင့် ဖြင့် ထူးချွန်စွာ အောင်မြင်ခဲ့ကြသော Grade-9 နှင့် Grade-5 ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၄၅ ဦး အား ဂုဏ်ပြုချီးမြှင့်သည့် အခမ်းအနားကို ဇွန်လ ၂၈ရက် နံနက် ၈ နာရီက အောင်ပန်းမြေကိုယ်ပိုင်အလယ်တန်းကျောင်း(ချမ်းအေးသာစံ) ခန်းမ၌ ခမ်းနားသိုက်မြိုက်စွာ ကျင်းပသည်။
အခမ်းအနားသို့ အောင်ပန်းမြေကိုယ်ပိုင်အလယ်တန်းကျောင်း တည်ထောင်သူ ဥက္ကဋ္ဌ ဦးရန်အောင်၊ ကျောင်းပေါင်းကျောင်းအုပ်ကြီး ဦးခင်မောင်စော၊ လုပ်ငန်းစီစစ်ရေးမှူး ဦးအောင်ဝင်း၊ ဒုတိယဥက္ကဋ္ဌ ဦးလှဝင်း၊ တာဝန်ခံ ဦးကျော်ဝင်း၊ ကျောင်းကော်မတီအဖွဲ့ဝင်များ ၊ ကျောင်းအသီးသီးမှ ကျောင်းအုပ်ကြီးများ၊ ကြီးကြပ်ရေးမှူးချုပ်နှင့်ကြီးကြပ်ရေးမှူးများ၊ ဆရာ၊ ဆရာမများ၊ ဖိတ်ကြား ထားသော ဧည့်သည်တော်များ၊ ဆုရ ကျောင်းသား၊ ကျောင်းသူများနှင့် မိဘများတက်ရောက်၍ ဂုဏ်ပြုအားပေးကြသည်။

အောင်ပန်းမြေကိုယ်ပိုင်အလယ်တန်းကျောင်း ထူးချွန်စွာ အောင်မြင်ခဲ့သူများအား ဂုဏ်ပြုချီးမြှင့်ပွဲတွင် ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများနှင့် ကျောင်းကော်မတီဝင်များ၊ ကျောင်းအုပ်ကြီးများ၊ ကြီးကြပ်ရေးမှူးများ မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးစဉ်။

ရှေးဦးစွာ တည်ထောင်သူ၊ ကျောင်းကော်မတီဥက္ကဋ္ဌ ဦးရန်အောင်က အဖွင့်ဂုဏ်ပြုအမှာစကား ပြောကြားပြီး ကျောင်းပေါင်းကျောင်းအုပ်ကြီး ဦးခင်မောင်စောက ဂုဏ်ပြုစကား ပြောကြားသည်။ ထို့နောက် တည်ထောင်သူ၊ ကျောင်းကော်မတီဥက္ကဋ္ဌ နှင့် တာဝန်ရှိသူများက Grade-9 ဘာသာစုံ A အဆင့်ဖြင့် ထူးချွန်စွာ အောင်မြင်ခဲ့သူ ၁၁ဦးအား ဂုဏ်ပြုဆု ကျပ်ရှစ်သိန်းစီ နှင့် Grade-5 ဘာသာစုံ A အဆင့်ဖြင့် ထူးချွန်စွာ အောင်မြင်ခဲ့သူ ၃၄ဦးအား ဂုဏ်ပြုဆု ကျပ်ခြောက်သိန်းစီ ချီးမြှင့်ပေးအပ်ကြ သည်။

အောင်ပန်းမြေကိုယ်ပိုင်အလယ်တန်းကျောင်း(ချမ်းအေးသာစံ)မှ Grade 5 တွင် ဘာသာစုံ A အဆင့်ဖြင့် အောင်မြင်ခဲ့သူ မဆုစန္ဒီဦးက ” ထူးချွန်စွာအောင်မြင်အောင် သင်ကြားပေးခဲ့တဲ့ ဆရာ၊ ဆရာများအားလုံးကို အထူးပဲ ကျေးဇူးတင်ရှိပါတယ်။ သမီးတို့ အခုလို အောင်မြင်ရတာ ဆရာ၊ ဆရာများရဲ့ သင်ကြားမှု၊ မိဘများရဲ့ ပံ့ပိုးမှုနဲ့အတူ ကျောင်းတော်ကြီးက ကျောင်းကော်မတီလူကြီးများက အစစ၊ အရာရာ ပံ့ပိုးကူညီပေးကြလို့ ဖြစ်ပါတယ်ရှင့်။ စာမေးပွဲဖြေဆိုဖို့ အစစ၊ အရာရာ ပံ့ပိုးပေးသလို အခုလို ထိုက်ထိုက်တန်တန်ဂုဏ်ပြုမှုခံရတဲ့အတွက်လည်း အတိုင်းမသိဝမ်းမြောက်ဂုဏ်ယူမိပါတယ် ရှင်” ဟု ပြောကြားသည်။

Related Posts

ဆရာကြီး မောင်ခင်မင်(ဓနုဖြူ) ကွယ်လွန်

၂၀၂၅ခုနှစ် ဇန်နဝါရီလ ၂၈ရက် နံနက်အဝင် ၁၂နာရီမိနစ်၃၀(၂၇-၁-၂၀၂၅ ည ၁၂နာရီ မိနစ်၃၀) အချိန်တွင် ဆရာကြီး မောင်ခင်မင်(ဓနုဖြူ) ကွယ်လွန်သွားကြောင်း ဆရာကြီး၏ သမီးက Facebook လူမှုကွန်ရက်စာမျက်နှာတွင် တင်ရာမှ သိရှိကြရသည်။ ဆရာကြီး ဦးခင်အေး (မောင်ခင်မင်(ဓနုဖြူ)အား ၁၉၄၂ခု ဇန်နဝါရီလ ၂ရက်က ဓနုဖြူမြို့နယ် ကျုံတစ်နီးရွာ၌ အဖ-ဦးရာမနှင့် အမိ ဒေါ်စောတင်တို့ က…

အလောင်းမင်းတြားကြီး နတ်ပြည်စံနှစ် (၂၆၄)နှစ်ပြည့် လှူဒါန်းအမျှဆက်သခြင်း နှင့် ခေတ်အဆက်ဆက် အကြောင်းအမျိုးမျိုးကြောင့် ကွယ်လွန်ခဲ့ကြသူများအား အမျှပေးဝေ

ကုန်းဘောင်မင်းဆက်အား စတင်တည်ထောင်ခဲ့ပါသော အလောင်းမင်းတြားကြီး ဦးအောင်ဇေယျ နတ်ပြည်စံ နှစ်(၂၆၄)နှစ်ပြည့် လှူဒါန်းအမျှဆက်သခြင်း၊ ကုန်းဘောင်မင်းဆက် ၁၁ ဆက် နှင့် ဆွေတော်မျိုးတော်အပေါင်းအား အမျှဆက်သခြင်း နှင့် ခေတ်အဆက်ဆက် အကြောင်းအမျိုးမျိုးကြောင့် ကွယ်လွန်ခဲ့ကြသူများအား အမျှပေးဝေခြင်းအား ဆဋ္ဌမအကြိမ် အဖြစ် ၂၀၂၄ ခုနှစ် ဇွန်လ ၃ ရက် ( ၁၃၈၆ခု ကဆုန်လပြည့်ကျော် ၁၂ရက် )…

You Missed

အောင်ပန်းမြေကိုယ်ပိုင်အလယ်တန်းကျောင်းထူးချွန်ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုချီးမြှင့်ပွဲကျင်းပ

အောင်ပန်းမြေကိုယ်ပိုင်အလယ်တန်းကျောင်းထူးချွန်ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုချီးမြှင့်ပွဲကျင်းပ

ဆရာကြီး မောင်ခင်မင်(ဓနုဖြူ) ကွယ်လွန်

ဆရာကြီး မောင်ခင်မင်(ဓနုဖြူ) ကွယ်လွန်

ဘယ်ကိုရွှေ့မလည်း ကိုရွှေခဲ (အပိုင်း (၁) )

ဘယ်ကိုရွှေ့မလည်း ကိုရွှေခဲ (အပိုင်း (၁) )

စိုက်သမျှ သစ်ပင်ရှင်သန်ဖို့ ဝိုင်းဝန်း ကြိုးပမ်းကြပါစို့

စိုက်သမျှ သစ်ပင်ရှင်သန်ဖို့ ဝိုင်းဝန်း ကြိုးပမ်းကြပါစို့

အလောင်းမင်းတြားကြီး နတ်ပြည်စံနှစ် (၂၆၄)နှစ်ပြည့် လှူဒါန်းအမျှဆက်သခြင်း နှင့် ခေတ်အဆက်ဆက် အကြောင်းအမျိုးမျိုးကြောင့် ကွယ်လွန်ခဲ့ကြသူများအား အမျှပေးဝေ

အလောင်းမင်းတြားကြီး နတ်ပြည်စံနှစ် (၂၆၄)နှစ်ပြည့် လှူဒါန်းအမျှဆက်သခြင်း နှင့် ခေတ်အဆက်ဆက် အကြောင်းအမျိုးမျိုးကြောင့် ကွယ်လွန်ခဲ့ကြသူများအား အမျှပေးဝေ

မင်္ဂလာပါ

မင်္ဂလာပါ

Notice: ob_end_flush(): Failed to send buffer of zlib output compression (1) in /home/zjsdpszw/public_html/yadanabon.net/wp-includes/functions.php on line 5493

Notice: ob_end_flush(): Failed to send buffer of zlib output compression (1) in /home/zjsdpszw/public_html/yadanabon.net/wp-includes/functions.php on line 5493