စိုက်သမျှ သစ်ပင်ရှင်သန်ဖို့ ဝိုင်းဝန်း ကြိုးပမ်းကြပါစို့



အလုပ်ပိတ်ရက် တနင်္ဂနွေနေ့ တစ်ရက်မှာ မိုးတွေရွာနေတုံး ထုံးတောင်-အရှင်ဓမ္မပီယ(မြောင်)ရဲ့သစ်ပင်တောတန်းဘုရား ချီးမွမ်း၏ ဆိုတဲ့ဓမ္မစာစဉ်လေးကို တတိယ အကြိမ်မြောက် ဖတ်ရှုရင်း အတွေးစတွေက စဉ်ဆက်မပြတ် တွေးတောနေမိပါတော့တယ်။


ဆရာတော်က ဘုရားရှင် ပြဋ္ဌာန်းထားတဲ့ ဘူတဂါမ ပါတဗျ သိက္ခာပုဒ် အကြောင်းကို ရှင်းလင်းတင်ပြထားပါတယ်။ ကြီးပွားဆဲ၊ ကြီးပွားပြီးသော သစ်ပင် အ ပေါင်းကို ဖျက်ဆီးခြင်းကြောင့် သင့်ရောက်တဲ့ ပါစိတ်အာပတ်ဖြစ်ကြောင်းကို ရှင်းလင်းပြသထားပါတယ်။


ရဟန်းတော်များအနေနဲ့ ရှင်သန်ကြီးထွားနေတဲ့သစ်ပင်သာမက သစ်ပင်ရဲ့ အမြစ်၊ အဆစ်၊ အညွန့်၊ မျိုးစေ့စတဲ့ ဗီဇဂါမ်ကို ဖျက်ဆီးရင်တောင်မှ အာပတ်သင့် စေမှာဖြစ်ပါတယ်။


ဘုရားရှင်ရဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့အတွက် ကြိုတင်တားဆီးခဲ့တဲ့ အတုမဲ့ ဉာဏ်တော်ကို တွေးတောကြည်ညိုရင်း အတွေးတစ်စက ထွက်ပေါ်လာပါ တယ်။


မိုးရာသီ ရောက်ပြီဆိုတာနဲ့ သစ်ပင်စိုက်ပျိုးပွဲတွေ ကျင်းပစိုက်ပျိုးနေကြပါတယ်။ သဘာဝပတ်ဝန်းကျင် ချစ်မြတ်နိုးသူတွေက သစ်ပင်တွေစိုက်ပျိုးပြီး ကမ္ဘာမြေကြီးကို ကယ်တင်နေကြခြင်းပါ။
မြန်မာနိုင်ငံတဝန်းလုံးမှာလည်း သစ်ပင်စိုက်ပျိုးပွဲတွေ ကျင်းပပြီး သစ်ပင်ပေါင်း သိန်းသန်းချီကာ စိုက်ပျိုးခဲ့ကြပြီးဖြစ်ပါတယ်။


သတင်းစာ၊ ရုပ်မြင်သံကြား၊ အင်တာနက်ကနေ သတင်းတွေ အမြဲကြားသိတွေ့ မြင်ဖတ်ရှုနေရပါတယ်။ သစ်ပင်စိုက်ပျိုးပွဲတွေကို အသင်းအဖွဲ့အသီးသီးကနေပြီး တစ်ခဲနက် ကျင်းပနေကြပါတယ်။
သစ်ပင်စိုက်ပျိုးပွဲကျင်းပတဲ့ရည်ရွယ် ချက်တွေကလည်းကောင်းလှပါတယ်။ စိုက်ပျိုးသူတွေကလည်း စုံလင်လှသလို စိုက်ပျိုးတဲ့အပင်တွေကလည်း မျိုးစုံပါပဲ။


သစ်ပင်စိုက်သူတွေကတော့ သစ်ပင်တွေကို စိုက်ပျိုးခဲ့ပါပြီ။ ဒါပေမယ့် အဲဒီ စိုက်ပျိုးပြီးတဲ့ သစ်ပင်တွေကို ရှင်သန်ဖို့ကို ဘယ်သူတွေက ပြုစုပျိုးထောင်ကြပါသလဲ။


နောက်ပြီးတော့ သစ်ပင်စိုက်ပျိုးတဲ့နေရာမှာလည်း သစ်ပင်အရှည်တည်တံ့မယ့် နေရာဖြစ်ဖို့ လိုပါတယ်။ လောင်းရိပ်မိမယ့်နေရာ၊ နောင်ကြီးလာရင် မလွတ်တဲ့နေရာ၊ သူတစ်ပါးအိမ်ရှေ့ မစိုက်သင့်တဲ့အပင် အဲလိုမျိုးတွေကို ကြိုတင်ရှောင်ရှားရန်လိုပါသေးတယ်။


မိုးရာသီကာလတစ်လျှောက်မှာ စိုက်ပျိုးလာတဲ့သစ်ပင်တွေက အများကြီးပါ။ စိုက်ပျိုးပြီးတဲ့သစ်ပင်တွေ ရှင်သန်မှုရှိမရှိကတော့ ကံကြမ္မာကိုပဲ ယိုးမယ်ဖွဲ့ရမလား။


သစ်ပင်စိုက်ပျိုးထားခဲ့ပြီးတော့ စိုက် တဲ့သစ်ပင် ရှင်သန်မှုရှိမရှိကို ပြန်လည်ပြုစု စောင့်ရှောက်ဖို့ လိုအပ်ပါတယ်။ သစ်ပင် စိုက်သူများက သစ်ပင်တွေကို စိုက်ကြပါ တယ်။ နှစ်စဉ် နှစ်တိုင်းကို မိုးရာသီ ရောက်တိုင်းစိုက်ကြတော့တာပါပဲ။
မိုးရာသီက သစ်ပင်ပန်းမာန်များကို ရှင်သန်မှုအတွက် အထောက်အပံ့ဖြစ်စေတာ ကြောင့် မိုးရာသီမှာ သစ်ပင်စိုက်ပျိုးပွဲတွေ လုပ်ကြပါတယ်။


ဒါဆိုရင် တခြားရာသီတွေမှာရော သစ်ပင်တွေ ဘယ်လိုရှင်သန်နေထိုင်ကြပါ သလဲ။ မိုးရာသီပြီးတာနဲ့ ဆောင်းရာသီကို ဝင်ပါတယ်။ မိုးရာသီက မိုးရေဝထားတဲ့ သစ်ပင်ပေါက်လေးများ ဆောင်းရာသီမှာ အသက်ဆက်နိုင်တယ်ထားပါဦး။ နွေရာသီ ကိုရောက်တဲ့အခါမှာတော့ သစ်ပင်ငယ်လေး တွေ ဘယ်လိုရှင်သန်ကြမလဲ။


မိုးရာသီမှာ စိုက်ပျိုးလိုက်တဲ့သစ်ပင် တွေ ရှင်သန်ဖြစ်ထွန်းသွားကြပြီလား။ လေ့ လာသုံးသပ်ဖို့တော့ လိုနေပါပြီ။ ကိုယ်စိုက် လိုက်တဲ့သစ်ပင်တွေ ရှင်သန်မှု ရှိမရှိကို ကိုယ်ပဲ ပြန်ကြည့်ရမှာ မလွဲဧကန်ပါ။


သစ်ပင်စိုက်ပျိုးပွဲများသာ ကျင်းပခဲ့ ကြတာတွေ့ရပေမယ့် သစ်ပင်များကို ပြုစု စောင့်ရှောက်တဲ့ပွဲတွေ ကျင်းပတာ မမြင် ရသေးပါဘူး။ ကိုယ်စိုက်တဲ့ သစ်ပင်တွေ ကို ရှင်သန်ဖို့အတွက် လစဉ်အလိုက် သစ်ပင်တွေ ပြုစုပျိုးထောင်တဲ့ ပွဲလေးတွေ ကျင်းပပေးရင် ကောင်းမလားလို့ တွေးမိ လာပါတယ်။


ကိုယ်တိုင်သစ်ပင်စိုက်တာထက် ရှိပြီး သားအပင်တွေကို မပျက်စီးအောင်စောင့် ရှောက်တာ၊ သစ်ပင်ငယ်တွေကို ကြီးထွား ခွင့်ရရှိအောင် ပြုစုပေါင်းသင်၊ ရေလောင်း ပေးတာမျိုးတွေ လုပ်ပေးဖို့ ကောင်းမယ်လို့ ထင်မိပါတယ်။


သစ်ပင်တွေစိုက်ပျိုးခြင်းရဲ့ အဓိက ရည်ရွယ်ချက်က အဲဒီသစ်ပင်တွေ ရှင်သန် ကြီးထွားလာစေဖို့ပါ။ သစ်ပင်တွေ စိုက်ဖို့ သာမက စိုက်ထားတဲ့ သစ်ပင်တွေ ရှင်သန် ကြီးထွားလာပါရဲ့လား ပြန်လည်လေ့လာရ ပါမယ်။ ရှင်သန်ခွင့်ရဖို့ တတ်နိုင်သလောက် ကြိုးစားကြရပါမယ်။ သစ်ပင်စိုက်ပျိုးတဲ့ အရေ အတွက်ထက် ရှင်သန်ကြီးပြင်းသွားတဲ့ သစ်ပင်အရေအတွက်ကို တိုးမြှင့်ကြရအောင် ဗျာ။


မိုးရာသီပြီးတာနဲ့ ရပ်လိုက်မယ့် သစ် ပင်စိုက်ပျိုးပွဲတွေအစား လစဉ်အလိုက် သစ်ပင်ပြုစုပျိုးထောင်ရေးပွဲ အစဉ်မပြတ် ကျင်းပရန်လည်းလိုအပ်လှပါတယ်။


မိမိစိုက်ပျိုးလိုက်တဲ့ သစ်ပင်တိုင်း ရှင်သန်ကြီးထွားခွင့်ရအောင် စဉ်ဆက်မပြတ် ကြိုးစားကြရအောင်လို့ မိုးရာသီမှာတွေးမိ တဲ့ အတွေးတစ်စကို ဖော်ထုတ်တင်ပြလိုက် ရပါတယ်။


စိုက်သမျှ သစ်ပင်ရှင်သန်ဖို့ ဝိုင်းဝန်း ကြိုးပမ်းကြပါစို့ …


ကိုထိပ်(မန္တလေး)

International LOOK Magazine, 2011 August Issue တွင် ဖော်ပြပါရှိသည့် ဆောင်းပါး

Related Posts

ဘယ်ကိုရွှေ့မလည်း ကိုရွှေခဲ (အပိုင်း (၁) )

လက်ရှိ ဖြစ်လာတဲ့ Social Media အနေအထားရ မဖြစ်မနေကို ကြိုတင်ပြင်ဆင်ထားရတော့မှာဖြစ်ပါတယ်။ ဘယ် Social Media Platform ကို ပဲသုံးသုံး မသေချာမရရာ ဖြစ်နေတဲ့ အခြေအနေမျိုးမှာ အွန်လိုင်းကတစ်ဆင့် သို့မဟုတ် Social Media ပေါ်မှာမှီခိုပြီး အလုပ်ဖြစ်နေတဲ့ စီးပွားရေးလုပ်ငန်းလေးတွေအတွက်တော့ အခုအခြေအနေက အရေးကြီးဆုံး အခြေအနေတစ်ရပ်ဖြစ်လာပါပြီ။ ကိုယ့်ရဲ့ Customer တွေက ဘယ်လို…

Leave a Reply

Your email address will not be published. Required fields are marked *

You Missed

ဆရာကြီး မောင်ခင်မင်(ဓနုဖြူ) ကွယ်လွန်

ဆရာကြီး မောင်ခင်မင်(ဓနုဖြူ) ကွယ်လွန်

ဘယ်ကိုရွှေ့မလည်း ကိုရွှေခဲ (အပိုင်း (၁) )

ဘယ်ကိုရွှေ့မလည်း ကိုရွှေခဲ (အပိုင်း (၁) )

စိုက်သမျှ သစ်ပင်ရှင်သန်ဖို့ ဝိုင်းဝန်း ကြိုးပမ်းကြပါစို့

စိုက်သမျှ သစ်ပင်ရှင်သန်ဖို့ ဝိုင်းဝန်း ကြိုးပမ်းကြပါစို့

အလောင်းမင်းတြားကြီး နတ်ပြည်စံနှစ် (၂၆၄)နှစ်ပြည့် လှူဒါန်းအမျှဆက်သခြင်း နှင့် ခေတ်အဆက်ဆက် အကြောင်းအမျိုးမျိုးကြောင့် ကွယ်လွန်ခဲ့ကြသူများအား အမျှပေးဝေ

အလောင်းမင်းတြားကြီး နတ်ပြည်စံနှစ် (၂၆၄)နှစ်ပြည့် လှူဒါန်းအမျှဆက်သခြင်း နှင့် ခေတ်အဆက်ဆက် အကြောင်းအမျိုးမျိုးကြောင့် ကွယ်လွန်ခဲ့ကြသူများအား အမျှပေးဝေ

မင်္ဂလာပါ

မင်္ဂလာပါ