
လက်ရှိ ဖြစ်လာတဲ့ Social Media အနေအထားရ မဖြစ်မနေကို ကြိုတင်ပြင်ဆင်ထားရတော့မှာဖြစ်ပါတယ်။ ဘယ် Social Media Platform ကို ပဲသုံးသုံး မသေချာမရရာ ဖြစ်နေတဲ့ အခြေအနေမျိုးမှာ အွန်လိုင်းကတစ်ဆင့် သို့မဟုတ် Social Media ပေါ်မှာမှီခိုပြီး အလုပ်ဖြစ်နေတဲ့ စီးပွားရေးလုပ်ငန်းလေးတွေအတွက်တော့ အခုအခြေအနေက အရေးကြီးဆုံး အခြေအနေတစ်ရပ်ဖြစ်လာပါပြီ။ ကိုယ့်ရဲ့ Customer တွေက ဘယ်လို Socail media Paltform မှာရှိနေမှာလည်း ၊ သူတို့နဲ့ ထိတွေ့နိုင်မယ့် အလုပ်တွေလုပ်ကိုင်နိုင်မယ် ကြော်ငြာများပြုလုပ်နိုင့် Platform ဟာ ဘာများဖြစ်မလည်း ဆိုတာကို သတိမပြတ် စောင့်ကြည့်ရတော့မှာပဲဖြစ်ပါတယ်။
အခုအခြေအနေ မှာတော့ Facebook , Instagram , WhatsApp, Thread ခြ, X(Twitter) တို့ကတော့ သေချာသလောက်ဖြစ််နေပါပြီ အဲ့ဒီအတွက် ဘယ်လိုမျိုး ပြင်ဆင်ထားသင့်ပါသလည်း ?
ကျွန်တော့် အမြင်အရဆိုရင်တော့ အခုလိုအခြေအနေမျိုးမှာ အဲ့ဒီအတွက် ကိုယ့်ရဲ့စီးပွားရေးလုပ်ငန်းတွေ ၊ မီဒီယာတွေ Blog တွေ Digital Branding တွေအတွက် ကတော့ အခုပြောပြမယ့် နေရာတွေမှာ Digital Placing လုပ်ထားသင့်ပါပြီ။
(၁) Website
တစ်ချိန်တုန်းကတော့ခေတ်စားခဲ့ပေမယ့် Facebook နဲ့ Social Media တွေရဲ့အားသာချက်တွေကြောင့် ပျောက်ကွယ်လုနီးပါးဖြစ်နေတဲ့အတွက်် အခုအခြေအနေမှာတော့အကောင်းဆုံး ဖြေရှင်းချက်တစ်ခုအဖြစ် ရှိနေပါပြီ Gov ကတော့ Social Media Channel တွေကိုပိတ်ထားပေမယ့်လည်း Website တွေကတော့လောလောဆယ်မပိတ်သေးပါဘူး၊ပြည်တွင်းမှာတော့ Website /Ecommerce ဆိုဒ်တွေဟာ ခေတ်မစားပေမယ့် နိုင်ငံတကာမှာတော့ လုပ်ငန်းအမျိုးမျိုးနဲ့ Online Shopတွေတော်တော်များများဟာ Website အနေနဲ့ တည်ဆောက်ထားပါတယ် ။
ocial media Platform တွေမှာ သူတို့ရဲ့ဆိုဒ်ကိုရောက်လာဖို့နဲ့ လူသိများဖို့အတွက် သာအဓိက အနေနဲ့ လုပ်ဆောင်ပြီး ကျန်တဲ့ အရောင်းပိုင်းနဲ့ ယုံကြည်မှုအပိုင်းတွေကို တော့ Websiteမှာပဲ တည်ဆောက်ထားပါတယိ။ အခုအခြေအနေအတွက် အကောင်းဆုံး ဖြေရှင်းချက် ကဘာလည်းလို့ ကျွန်တော့်ကို မေးလာရင်တော့ တတ်နိုင်မယ်ဆိုရင်တော့ Website ကိုစတင်ပြီးလုပ်ထားသင့်နေပြီလို့ အကြံပြုပါရစေ။
(၂) Social Media Platform
Social Media Platform အတွက်ဆိုရင်တော့ လက်ရှိမှာ ပြောရခက်နေပါတယ် Facebook ကလွဲရင် ကျန်တဲ့ Social Media Platform တွေဟာ သူတို့အတွက်ဖန်တီးရတဲ့ Content ပုံစံတွေ Media ပုံစံတွေက မတူညီကြပါဘူး။
Facebook ဟာ စာသား ၊ဓါတ်ပုံ၊ ရုပ်သံနဲ့ အစုအဖွဲ့များအားကောင်းအောင်ဆောင်ရွက်ပေးထားပြီး အခြားသော Platforms တွေမှာ(မြန်မာနိုင်ငံအတွက်သာပြောခြင်းဖြစ်ပါတယ်) တော့ သက်ဆိုင်ရာ Media အမျိုးအစားအလိုက် ရည်ရွယ်တင်ဆက်ရတာမျိုးတွေရှိပါတယ်။
Social Media Platform များမှာ စာသား၊ဗီဒီယိုနဲ့ ဓါတ်ပုံ တွေကို အသုံးပြု ကြပေမယ် အဓိက အသုံးပြုကြတဲ့ပုံစံအမျိုးမျိုးကွဲပြားခြားနားပါတယ်။ Telegram နဲ့ Viber တွေဟာ စာသားနဲ့ဓါတ်ပုံအတွက် အတော်လေး အဆင်ပြေပေမယ့် ရုပ်သံတွေများအတွက် ကတော့ အဆင်ပြေခြင်းမရှိပါဘူး ထို့အတူပဲ Youtube နဲ့ Tiktok များမှာတော့ ရုပ်သံများဖြင့်သာ အဓိက ဖန်တီးပြီး တင်ဆက်နိုင်မှာ ဖြစ်ပါတယ် စာသားနဲ့ရုပ်ပုံတွေအတွက်ကတော့ လူသုံးနည်းကြပါတယ်။
Platform တွေကို အမျိုးအစားခွဲမယ်ဆိုရင်
စာသား ၊ ဓါတ်ပုံ များကိုအသုံးပြုပြီး ဖန်တီးမယ်ဆိုရင်တော့ Viber, Telegram တို့ကအကောင်းဆုံးရွေးချယ်မှုဖြစ်ပြီးတော့ သူတို့ရဲ့အားသာချက်က Customer တွေကို တိုက်ရိုက်စုဖွဲ့ပြီး ဓါတ်ပုံတွေစာသားတွေကိုပေးပို့နိုင်မှာဖြစ်ပါတယ်။
Viber
Viber မှာဆိုရင် Facebook ၏ Channle ပုံမျိုးပြုလုပ်နိုင်ပြီး အားနည်းချက်အနေဖြင့် Customer Interaction တော့ပြုလုပ်နိုင်ခြင်း မရှိပါဘူး Viber မှာ ဂရု လုပ်ရင်တော့ Customer Interaction ပြုလုပ်နိုင်ပေမယ့် Notification က များပြားလွန်းတဲ့အတွက် စိတ်အနှောင့်အယှက် များဖြစ်စေနိုင်ပါတယ်
Telegram
Telgram မှာဆိုရင်တော့ ဂရုပုံစံမျိုးလုပ်ဆောင်နိုင်ပါတယ် Telegram မှာဆိုရင် Page ပုံသဏ္ဍန် Channel ဝန်ဆောင်မှုများရှိပေမယ့် လက်ရှိအခြေအနေမှာတော့ အဆိုပါ ဝန်ဆောင်မှုဟာ Viber နှင့်အလားသဏ္ဍန်တူပြီး ဓါတ်ပုံများ၊ စာသားများ ကို သာ အသုံးပြုရာအဆင်ပြေနိုင်ပါတယ်။ တစ်ချို့သောအနေအထားမှာ Telegram ဟာ ပြည်တွင်းမှာတော့ ရုပ်ရှင်များကြည့်ရှု့ရာ နေရာတစ်ခုအဖြစ် လူသိများပြီး နိုင်ငံခြားရုပ်သံ စီးရီးများ ရုပ်ရှင်များကြည့်ရှု့ရာနေရာ တစ်ခုအဖြစ် သတ်မှတ်ထားကြပေမယ့် စီးပွားရေးလုပ်ငန်းအတွက် Channel တစ်ခုအနေဖြင့်တင်ဆက်၍ အသုံးပြုခြင်းမှာ ရှားပါးနေပါသည်။
မောင်သာဂိ
အပိုင်း (၂) ဆက်လက်ဖော်ပြပါမည်။