

ကုန်းဘောင်မင်းဆက်အား စတင်တည်ထောင်ခဲ့ပါသော အလောင်းမင်းတြားကြီး ဦးအောင်ဇေယျ နတ်ပြည်စံ နှစ်(၂၆၄)နှစ်ပြည့် လှူဒါန်းအမျှဆက်သခြင်း၊ ကုန်းဘောင်မင်းဆက် ၁၁ ဆက် နှင့် ဆွေတော်မျိုးတော်အပေါင်းအား အမျှဆက်သခြင်း နှင့် ခေတ်အဆက်ဆက် အကြောင်းအမျိုးမျိုးကြောင့် ကွယ်လွန်ခဲ့ကြသူများအား အမျှပေးဝေခြင်းအား ဆဋ္ဌမအကြိမ် အဖြစ် ၂၀၂၄ ခုနှစ်
ဇွန်လ ၃ ရက် ( ၁၃၈၆ခု ကဆုန်လပြည့်ကျော် ၁၂ရက် ) နံနက် ၉ နာရီ ၃၅ မိနစ် ၌ မန္တလေးမြို့ မြေနီကျင်းကျောင်းတိုက် သတိပဋ္ဌာန်ရိပ်သာကျောင်းတွင် ကုန်းဘောင်ဆက်မောင်နှမများက အစဥ်အလာမပျက် ကုသိုလ်ပြု အမျှ ပေးဝေခဲ့သည်။
အလောင်းမင်းတြားကြီး ဦးအောင်ဇေယျ နှင့် မိဖုရားခေါင်ကြီး အမှူးထား၍ ကုန်းဘောင်မင်းဆက် ၁၁ဆက် မင်းတရားများနှင့် မိဖုရားခေါင်ကြီးများ၊ မိဖုရားများ၊ သားတော်၊ သမီးတော်များ၊ ဆွေတော်မျိုးတော်များ၊ ကုန်းဘောင်မင်းဆက်တွင် အမှုတော်ထမ်းခဲ့ပါသော မှူးတော်၊ မတ်တော်၊ ဗိုလ်မင်း၊ အမှုထမ်းများ နှင့် ကုန်းဘောင်မင်းဆက်ကာလအတွင်း အကြောင်းအမျိုးမျိုးကြောင့် ကွယ်လွန်၊ ကျဆုံးကြပါသော ပြည်သူပြည်သားအပေါင်းတို့အား အမျှဆက်သ၊ အမျှပေးဝေခြင်းဖြစ်ပါသည်။
ကုန်းဘောင်မင်းဆက်အား စတင်တည်ထောင်ခဲ့ပါသော အလောင်းမင်းတြားကြီး ဦးအောင်ဇေယျ ၏ ဂုဏ်ကျေးဇူးအား သိမြင်ကာ အလောင်းမင်းတြားကြီး နတ်ပြည်စံနှစ် ၂၅၇နှစ်မြောက်ဖြစ်သည့် ၂၀၁၇နှစ်က ပထမအကြိမ်အဖြစ် စတင်ကျင်းပခဲ့ပြီး ယခုနှစ်တွင် အဋ္ဌမအကြိမ်အဖြစ် နှစ်စဥ်ပြုနေကြ ကုသိုလ်အမျှဆက်သမှုအား ကုန်းဘောင်ဆက်မောင်နှမများက ဆောင်ရွက်ကြခြင်းဖြစ်ပါသည်။
#ကုန်းဘောင်ဆက်မောင်နှမများ နှင့် မိတ်သင်္ဂဟများ
ဦးကိုလေး+ ပျဥ်းမနားခေါင်ဘုရားတော်မိသားစု မတည်အလှူငွေ ၁၀၀၀၀၀ ကျပ်။
